သန်းဝင်းလှိုင် ဇူလိုင် ၂၁၊ ၂၀၁၃ မြန်မာ့ယဉ်ကျေးမှု သုခုမအနုပညာတစ်ရပ်ဖြစ်သော ရုပ်သေးသဘင်သည် ရှေးမြန်မာမင်းများလက်ထက်က အထူးအားပေးချီးမြှင့် မြှောက် စားခြင်းခံရသော်လည်း ယခုအခါ တဖြည်းဖြည်းမှေးမှိန်ကာ တိမ်ကောပျောက်ကွယ်လုနီးပါးဖြစ်နေသည်မှာ ဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။ ● ရုပ်သေးဟူသည် ရုပ်သေးဆိုသည်မှာ ခေါင်း၊ ခြေ၊ လက်စသော ကိုယ်အင်္ဂါအစိတ်အပိုင်းတို့ကို လှုပ်ရှား၍ လူ့သဏ္ဌာန် ဟန်အမူအရာနှင့် ကပြနိုင်စေရန် စီမံပြုလုပ်ထားသော အရုပ်များဖြင့် ခင်းကျင်းကပြခြင်းကို ခေါ်သည်။ မြန်မာ့ရုပ်သေးကို အင်းဝခေတ်၌`ရုပ်ကြီး၊ ရုပ်ငယ်”ဟူ၍လည်းကောင်း၊ ညောင်ရမ်းခေတ်တွင်`အရုပ်က”ဟူ၍ လည်းကောင်း၊ ကုန်းဘောင် ခေတ်တွင်`ရုပ်စုံ”ဟူ၍လည်းကောင်း၊ ရတနာပုံခေတ်တွင်`အမြင့်သဘင်”ဟူ၍လည်းကောင်း၊ အမျိုးမျိုးသုံးစွဲ ခေါ်ဝေါ်ခဲ့ကြသည်။ ယခု အခါ မြန်မာ့ရုပ်သေးကို မြန်မာ့ရုပ်စုံသဘင်ဟုပင် ခေါ်နေကြသည်။ ဝေါဟာရကွဲပြားသော်လည်း အဓိပ္ပာယ်မှာ အတူတူပင်ဖြစ်သည်။ ဝေါဟာရ နှစ်ခုတွင် တစ်ခုမှာ သစ်သားရုပ်သေးများကို ကြိုးတပ် ကပြ ခြင်းအတွက် ရုပ်သေးပညာဟုခေါ်ပြီး လူ တိရစ္ဆာန်ရုပ်နှင့် နတ်ရုပ် ဘီလူးရုပ်မှအစ စုံညီစွာ ပါဝင်ကပြရသောကြောင့် အရုပ် ပေါင်းစုံ ပါဝင်သည်ကို ရုပ်စုံသဘင်ဟုခေါ်သည်။ အဓိပ္ပာယ်ကား. ထူးမခြားနားပင်ဖြစ်သည်။ မြန်မာ့ရုပ်သေးသဘင်သည် ဖျော်ဖြေရုံ သက်သက်သာမက တိုင်းရေးပြည်ရာတွင် မတော်မလျော်သော အချက်များကို ပြုပြင်ရန် ပျက်လုံး ဇာတ် နိပါတ် ဇာတကဝတ္ထုများဖြင့် သတိပေး နှိုးဆော်လေ့ရှိခဲ့ကြသည်။ ● ရုပ်သေး သမိုင်းအစ ကုန်းဘောင်ဆက် ပုဂံမင်းလက်ထက်၌ သဘင်ဝန်ကြီးဖြစ်ခဲ့သော`ဦးဝန်”၏ မှတ်တမ်းတွင်`ရုပ်သေးအစ ကျုံး သုံးတန်နှင့် ပုဂံက”ဟု တွေ့ရှိရ၏။ အနော်ရထာမင်းစော (အေဒီ.၁၀၁၄-၁၀၇၇) သည် ဗုဒ္ဓဝါဒီ မင်းမြတ်တပါးဖြစ်၍ ရုပ်သေး ပွဲများကို ဘာသာရေး တိုးတက်မှု အခြေခံဖြင့် လူထုအား ဗုဒ္ဓတရားတော်များကို ကြားသိစေရန် စီမံဖန်တီးပေးခြင်းဖြစ်လေ သည်။ ရုပ်သေးပွဲများ၌ နိပါတ်တော်လာ ဇာတ်များကို ခင်းကျင်းပြသရသည်မှာ အနော်ရထာမင်း လက်ထက်မှ ယခုထက် တိုင် အစဉ်အလာမပျက် တည်ရှိခဲ့သည်ဟု ယူဆဖွယ်ဖြစ်လေသည်။ မြန်မာ့ရုပ်သေးသဘင်သည် မည်သည့်တိုင်းပြည်ကို အတုယူ၍ တီထွင်ခဲ့သည်သနည်းဟု ခြေရာကောက် ဆန်း စစ် လေ့လာပါက အတိအကျ အဖြေထွက်ရန် ခဲယဉ်းပေလိမ့်မည်။အကြောင်းသော် ခရစ်နှစ် ၉၆ဝမှ ၁၂၇၉ ခုနှစ်အတွင်း တရုတ်ပြည်“ဆွန်”(Song) မင်းဆက်လက်ထက်တွင် တရုတ် သုခုမရုပ်သေးသဘင်များ တိုးတက်စည်ကားလျှက် လူကြိုက် အလွန်များကာ ခေတ်စားနေချိန်ဖြစ်သည်ဟု တရုတ်ရာဇဝင် မှတ်တမ်းများ၌ဆိုသည်။ ထိုအချိန်ကို တွက်စစ်ပါက မြန်မာ ပြည်တွင် ပထမ ပုဂံခေတ် တောင်သူကြီး စောရဟန်းမင်း (အေဒီ ၉၄၆-၉၉၁)နှင့် စုက္ကတေးမင်း (အေဒီ ၁ဝ၁၉-၁ဝ၄၄) တို့ လက်ထက်လောက်က ဖြစ်သည်။ ညောင်ဦး စောရဟန်းမင်း လက်ထက်၌ ထေရဝါဒ ဗုဒ္ဓသာသနာ မရောက်ရှိသေးသဖြင့် တရုတ်ပြည်ဘက်မှ တရုတ်ဘာသာရေး ပုဂ္ဂိုလ်များ၏ သြဝါဒကို ခံယူလျှက် နဂါးရုပ်ကြီးများကို စောရဟန်းမင်းသည် ကိုး ကွယ်ခဲ့ကြောင်း သိရသည်။ ထိုစဉ်က တရုတ်နှင့်မြန်မာတို့ ကူးလူးဆက်ဆံနေချိန်ဖြစ်ပြီးလျှင် သဘင်ပညာမှ စ၍ ယဉ်ကျေး မှု အနုပညာရပ်အမျိုးမျိုး ဖလှယ်နေချိန်ဖြစ်သည်။ ထို့ပြင် တရုတ်ပြည်မြောက်ပိုင်း“ချန်”(Shan) မင်းဆက်လက်ထက်က“စင်ယှိ”ခေါ် ရုပ်သေးများ ခေတ်စားခဲ့သည် ဟုဆို၏။ တရုတ်ပြည်တောင်ပိုင်း အကျီ င်္တို တရုတ်နယ်များ၌“ကုံတွဲဟီး”ခေါ် ရုပ်သေးပွဲများ [...]
↧